အမြဲတမ်း အကြွေးတင်မနေဖို့ ရှောင်သင့်တဲ့ အချက် (၇) ချက်

အကြွေးတွေ အမြဲတမ်းမတင်နေဖို့ ရှောင်သင့်တဲ့ အချက် (၇) ချက်ကို ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ-

၁ – အလေ့အကျင့်

ပိုက်ဆံချွေတာတယ်ဆိုတာ အလေ့အကျင့်တစ်ခုပါ။ သင့်မှာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ ဒါဟာ မွေးယူရမယ့် အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

၂ – ကွဲကွဲပြားပြား

ပိုက်ဆံဆိုတာ သုံးရတဲ့အရာပါ။ သင်လိုချင်တာကိုရဖို့ အရင်းအနှီးပြုရတဲ့အရာ ဖြစ်ပါတယ်။ သင်ဘာလိုချင်တယ်၊ သင်ဘာဖြစ်ချင်တယ်ဆိုတာကို ကွဲကွဲပြားပြားမသိရင် ငွေကြေးနဲ့ပတ်သက်လို့ ရှုပ်ထွေးနေဦးမှာပါပဲ။

၃ – မဝယ်နဲ့

ငှားလို့ရတဲ့အချိန်မှာ ဝယ်တာ။ ခဏပဲအသုံးဝင်မယ့် ပစ္စည်းကို တစ်သက်လုံးသုံးလို့ရမယ့် ပစ္စည်းလို ဝယ်လိုက်တတ်ကြပါတယ်။ နောက်လည်း အသုံးဝင်လာမယ်လို့ ဆင်ခြေပေးတတ်ကြပါတယ်။ နောက်လည်း ဘယ်နှစ်ကြိမ်အသုံးဝင်မှာလည်း ဆိုတာလည်း မေးကြည့်သင့်ပါတယ်။ ခဏပဲသုံးရမယ့်ပစ္စည်းကို ငှားသုံးတာက အကောင်းဆုံးပါ။

၄ – အလွယ်လမ်း

အောင်မြင်မှုတစ်ခုမှာ ၉၉ ရာခိုင်နှုန်း ကြိုးစားခဲ့လို့ရတာဖြစ်ပြီး ၁ ရာခိုင်နှုန်းလောက်ကသာ လွယ်လွယ်ကူကူဖြစ်ခဲ့တာပါ။ အလွယ်လမ်းလိုက်ဖို့ ပိုက်ဆံမသုံးပါနဲ့။

၅ – ခဏသာအတွက်

ပျော်ရွှင်မှုခဏပဲရပြီး ပိုက်ဆံလွယ်လွယ်ကုန်သွားတဲ့ အလေ့အကျင့်တွေကို လျှော့ချပါ။ လောင်းကစား၊ အရက် စတဲ့အကျင့်တွေ ဖြစ်ပါတယ်။

၆ – မတတ်နိုင်ဘဲဝယ်တာ

လောလောဆယ်ငွေကြေး မတတ်နိုင်သေးတဲ့ပစ္စည်းကို ပိုက်ဆံချေးပြီး မဝယ်ပါနဲ့။

၇ – ရှေ့နောက်မကြည့်

ပိုက်ဆံနဲ့ပတ်သက်ရင် ဒီနေ့သာယာဖို့ပဲ တွေးပြီး မနက်ဖြန်အကြောင်းမတွေးတာမျိုးကို ပြင်ပါ။

Credit – Duwun