Jack Maဟာ သူ့ရဲ့ငယ်ဘဝကို အသေးစိတ်ပြောပြလေ့တော့မရှိပါဘူး။ဒါပေမယ့် သူ့ရဲ့ ကလေးဘဝကတည်းကကြိုးစားမှုတွေ သင်ခန်းစာယူခဲ့ရပုံတွေကိုတော့ပြောပြလေ့ရှိပါတယ်။

သူဟာ ငယ်ငယ်ကလေးတည်းက အခြားသူတွေနဲ့မတူတဲ့ အတွေအခေါ်တွေရှိခဲ့တယ်။English စာကိုအလွန်စိတ်ဝင်စားခဲ့တယ်။English ကိုကြိုးကြိုးစားစားလေ့လာခဲ့တယ်။သူဟာအသက် (၁၂)နှစ်လောက်မှာ သူတို့မြို့ရဲ့နိုင်ငံခြားသားတွေလာရောက်တည်းခိုတဲ့ Hangzhou Hotelဆီ နံနက်တိုင်း(၄၅)မိနစ်ခန့်စက်ဘီးစီး သွားခဲ့တယ်။အဲ့ဒီကနိုင်ငံခြားသားခရီးသွားဧည့်သည်တွေကိုFree Tour Guideလုပ်ပေးပြီးအင်္ဂလိပ်စကားပြောကို၉နှစ်ခန့်လေ့ကျင့်ခဲ့တယ်။

အဲ့သည်အချိန်ကသူတို့မြို့မှာ အင်္ဂလိပ်စာသင်တန်းလည်းမရှိသေးဘူး။ သူ့မှာ အင်္ဂလိပ်စာသင်ပေးမယ့်ဆရာလည်းမရှိခဲ့ဘူး။မိဘတွေကလည်း သူ့ကိုသေသေချာချာသင်ပေးနိုင်လောက်အောင် ပညာတတ်တွေမဟုတ်ခဲ့ဘူး။သူ့ရဲ့ English Skillတွေတိုးတက်ဖို့ သူကိုယ်တိုင်ခက်ခက်ခဲခဲကြိုးစားအားထုတ်ခဲ့ရတယ်။အဲ့ဒီအချိန်က Englishကိုသူလေးလေးနက်နက်လေ့လာခဲ့တာ ဟာခုလို ကမ္ဘာကျော်ဖြစ်ဖို့ ရည်မှန်းချက်ရှိခဲ့လို့မဟုတ်။

Englishဟာ နောင်တစ်ချိန် အသုံးဝင်လာမယ်ဆိုတဲ့အသိလေးကြောင့်သူလေ့လာခဲ့တာ။နောက်ပိုင်းမှာ သူဟာ ပြည်တွင်းတက္ကသိုလ်တစ်ခု၌အင်္ဂလိပ်စာဆရာ ဖြစ်လာခဲ့တယ်။ယခုဆိုရင် သူရဲ့အင်္ဂလိပ်လို ဟောပြောမှုတွေဟာ ကမ္ဘာ့နိုင်ငံ အများအပြားမှာ အလွန်ပဲထင်ရှားကျော်ကြားနေပြီဖြစ်တယ်။

သူဟာကျောင်းစာဘက်မှာတော့သိပ်မတော်ခဲ့ပါဘူး။သာမန်ကျောင်းသားတွေ (၅)နှစ်နှင့်အောင်တဲ့မူလတန်းကိုသူက(၇)နှစ်တက်ခဲ့ရတယ်။ တက္ကသိုလ်ဝင်တန်းကို(၃)ကြိမ်တိုင်တိုင်ကျပြီးမှ နောက်ဆုံးလေးကြိမ်မြောက်မှာမှ အောင်ခဲ့တယ်။ပထမ အကြိမ်ကျတုန်းကဆိုရင် သူ့ရဲ့ သင်္ချာရမှတ်ဟာ ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။သူ့ရဲ့မိဘတွေဟာ သူ့ကိုဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ထင်ခဲ့ကြတယ်။

သူ့ရဲ့ဦးနှောက်အတွေးအခေါ်တွေကို သူများနဲ့မတူဘဲစဉ်းစားတွေးခေါ်တတ်အောင် သူဟာ ငယ်ကတည်းကလေ့ကျင့်ခဲ့တယ်။ သူဟာကျောင်းမှာသင်ရတဲ့ သင်ခန်းစာတွေထဲမှ အကြောင်းအရာတွေနဲ့ နိုင်ငံခြားခရီးသွားတွေဆီကကြားရတဲ့ အရာတွေဟာ ကွဲပြားခြားနာနေတာတွေ့ခဲ့ရတယ်။ ဥပမာ ကျောင်းစာအုပ်ထဲက အမေရိကန်နိုင်ငံအကြောင်းနဲ့ နိုင်ငံခြားသား
တွေပြောပြတဲ့ အမေရိကန်ဟာ ကွဲပြားနေတာသူသတိထားမိတယ်။ အမှားအမှန်ကို ဆုံးဖြတ်ဖို့သူ့ရဲ့ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုတတ်လာခဲ့တယ်။တစ်ချို့သောသူ့ရဲ့အတွေးအခေါ်တွေ ဟာ ဆရာ၊ဆရာမတွေ၊မိဘတွေနဲ့ မတူဘဲ လုံးဝကို ကွဲပြားနေတတ်တယ်။ဘယ်လို အကြောင်းအရာကိစ္စကိုမဆို လူအများကအမှန်ဆိုတိုင်း သူကလိုက်ပြီးအမှန်မလုပ်ဘူး၊ အမှားဆိုတိုင်းလည်းလိုက်ပြီး အမှားမလုပ်ဘူး၊၊

လူအများကအကောင်းဆိုတိုင်းလည်း လိုက်မကောင်းဘူး၊အဆိုးဆိုတိုင်းလည်း လိုက်မဆိုးဘူး။တစ်စုံတစ်ယောက်က အကြောင်အရာတစ်ခုကို ပြောလိုက်တဲ့အခါသူ့ကိုယ်ပိုင် ဦးနှောက်နဲ့ နှစ်မိနစ် သုံးမိနစ်ခန့်အချိန်ယူစဉ်းစားလိုက်တယ်။ မှန်သလား၊မှားသလား၊ကောင်းသလား၊ဆိုးသလားဆိုတာထက် အခြားသူတွေနဲ့မတူအောင်ဘယ်လိုစဉ်းစားလို့ရမလဲ၊မတူအောင်ဘယ်လိုလုပ်လို့ရမလဲဆိုတာကို သူအမြဲစဉ်းစားခဲ့တယ်။

အဲ့ဒီလို စဉ်းစားတွေးခေါ်တတ်မှုဟာသူ့ရဲ့အလေ့အကျင့်တစ်ခုဖြစ်လာအောင်လေ့ကျင့်ယူခဲ့တယ်။ သူ့ကိုအောင်မြင်စေတဲ့ငယ်ကတည်းကအလေ့အကျင့်တစ်ခုလည်းရှိခဲ့တယ်၊၊အဲ့ဒါကတော့ ဘာပဲလုပ်လုပ်မလျှော့သော ဇွဲနဲ့ တစိုက်မတ်မတ် လုပ်တတ်တဲ့အကျင့်ပါပဲ။သူဟာ စာမေးပွဲတွေ အကြိမ်ကြိမ်ကျတယ်။ ဒါပေမယ့်ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။ တစ်ခါနဲ့မရရင်နှစ်ခါကြိုးစားတယ်၊နှစ်ခါနဲ့ သုံးခါ၊သုံးခါနဲ့မရရင် အကြိမ်ကြိမ်ကြိုးစားတယ်။

သူ့ရဲ့ငယ်ကတည်းက အရှုံးမပေးတတ်တဲ့စိတ်ဓာတ်ဟာ ဆင်းရဲတဲ့ ဘဝကနေပြီး အခုလို ကြိယ်ဝချမ်းသာတဲ့ဘီလီယံနာကြီး ဖြစ်လာရတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပဲ။ပြီးတော့ သူဟာ ငယ်ငယ်ကတည်းက လူတွေကိုကူညီတတ်တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တယ်။ အကျိုးအမြတ်လိုချင်တာတစ်ခုတည်းနဲ့ ကူညီတာမျိုးမဟုတ်ဘဲ လူတွေအဆင်ပြေစေဖို့အတွက် စေတနာနဲ့ ကူညီတာမျိုး ငယ်ကတည်းကသဘောကျနှစ်သက်ခဲ့တယ်။

ကောင်းမွန်တဲ့အလေ့အကျင့်တွေကို သူဟာငယ်ကတည်းကလေ့ကျင့်ပျိုးထောင်ခဲ့တယ်။အဲ့လိုလုပ်ခဲ့တာဟာ ခုလို ကြွယ်ချမ်းသာချင်လို့မဟုတ်ခဲ့ပါဘူး….ကောင်းတာလုပ်ရင်ကောင်းကျိုးတွေဖြစ်လာမယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကြောင့်ပါပဲ..တဲ့..။ ။

Writer~Thu Rein (Daily Hot News)